ရေအကျိုး ၁၀ ပါး

0 61

ရေအကျိုး ၁၀ ပါးကို အားလုံးကြားဖူးကြမှာပါ။ အောက်ပါရေအကျိုး ၁၀ ပါး ကိုလဲ ဖတ်ကြည့်လိုက်ပါဦး။

၁။ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးတယ်။

အကယ်၍သင်ဟာ အချိန်အများစု ပင်ပန်းသလိုခံစားနေရတယ်ဆိုရင် သင့်ခန္ဒာကိုယ် ရေဓာတ်လုံလုံလောက်လောက် မရရှိလို့ ဖြစ်နိုင်ပါတယ်။ ရေဓာတ်မလုံလောက်တဲ့အတွက် ခန္ဒာကိုယ် လှုပ်ရှားမှုကို နှေးကွေးထုံထိုင်းစေပါတယ်။ တကယ်တော့ ပင်ပန်းနွမ်းနယ်မှုဟာ ရေဓာတ်မလုံလောက် တဲ့ ပထမဆုံး လက္ခဏာဖြစ်ပါတယ်။

ခန္ဒာကိုယ်မှာ ရေမလုံလောက်ရင် နှလုံးအနေနဲ့ အောက်ဆီဂျင်ပါတဲ့ သွေးတွေကို ပိုမိုအားစိုက်ညစ်ထုတ်ပေးရသလို အခြားခန္ဒာကိုယ် အစိတ်အပိုင်းတွေဟာလဲ ထိထိရောက်ရောက် အလုပ်လုပ်နိုင်စွမ်းကျဆင်းစေပါတယ်။

၂။ စိတ်ကြည်လင်စေတယ်။

သင့်ခန္ဒာကိုယ်မှာ လိုအပ်တဲ့ ရေဓာတ်ရဲ့ ရာခိုင်နှုန်းအနည်းငယ်ပဲ လျော့နည်းနေရင်တောင် သင့်ကို စိတ်မကြည်မလင် ဖြစ်စေနိုင်သလို သင့်စွမ်းဆောင်ရည်ကိုလဲ ထိခိုက်စေနိုင်ပါတယ်။

သင့် ဆီးအရောင်ဟာ သင် ခန္ဒာကိုယ်ရဲ့ ရေဓာတ်လိုအပ်ချက်ကို ပြသနိုင်တဲ့ အကောင်းဆုံး အညွှန်းဖြစ်ပါတယ်။ အရောင် ပိုကြည်လေ ရေဓာတ်လိုအပ်ချက်နည်းလေဖြစ်ပါတယ်။

၃။ ခေါင်းမူး ခေါင်းကိုက်တာကို သက်သာစေတယ်။

အရမ်းဆိုးဝါးလွန်းတဲ့ ခေါင်းကိုက်ဝေဒနာ ခံစားနေရရင် ပထမဆုံးလုပ်သင့်တဲ့ အလုပ်က ရေများများသောက်ပေးဖို့ဖြစ်ပါတယ်။ ခေါင်းမူး ခေါင်းကိုက်ဝေဒနာတွေဟာ ရေဓာတ်မလုံလောက်လို့ ဖြစ်တတ်တဲ့ ဝေဒနာတွေဖြစ်ပါတယ်။

ရေများများသောက်လေ ခေါင်းမူး ခေါင်းကိုက်တဲ့ အချိန်နဲ့ ဝေဒနာ လျော့နည်းလေဆိုတာ မမေ့နဲ့နော်။

၎။ အစာကြေစေပြီး ဝမ်းမှန်စေတယ်။

ရေဟာ အစာအိမ်နဲ့ အူလမ်းကြောင်း အလုပ်လုပ်တာကို ထိရောက်စွာ အကူအညီပေးနိုင်ပါတယ်။ အစာချေဖျက်တဲ့နေရာမှာ ကူညီပေးသလို ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ရေဓာတ်မလုံလောက်ရင် အူမကြီးဟာ ကျန်တဲ့နေရာက ရေတွေစုပ်ယူတဲ့ အတွက် ဝမ်းသွားဖို့ အခက်အခဲဖြစ်စေပါတယ်။

ရေအလုံအလောက်သောက်တာဟာ သင့်ဇီဝဖြစ်စဉ်ကို ပုံမှန်ဖြစ်စေပါတယ်။ အထူးသဖြင့် ရေနွေးဟာ အစာချေဖျက်မှုအတွက် အရမ်းကောင်းပါတယ်။

၅။ ဝိတ်ချဖို့အတွက် အကူအညီဖြစ်စေတယ်။

ရှစ်အောင်စ ရှိတဲ့ ရေနှစ်ခွက်ကို ထမင်းမစားခင်သောက်ရင် အစာစားတဲ့ နှုန်းနဲ့ ပမာဏကို လျော့ကျစေပြီး သင့် ခန္ဒာကိုယ် အလေးချိန်လျှော့ချတဲ့နေရာမှာ အကူအညီပေးပါတယ်။ ရေသောက်လိုက်ရင် အစာအိမ်ကို ပြည့်သွားစေပြီး အစားအများကြီး စားသုံးတာကနေ ကာကွယ်ပေးပါတယ်။

ခန္ဒာကိုယ် အလေးချိန် အမြန်တက်စေမဲ့ ကယ်လိုရီအများအပြားပါတဲ့ အရက်၊ အချိုရည်မျိုးစုံနဲ့ ဆိုဒါတွေကိုရေနဲ့ အစားထိုး တာဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ရေဟာ ခန္ဒာကိုယ် ရဲ့ အဆီဓာတ်လောင်ကျွှမ်းမှုကိုလဲ အကူအညီပေးပါတယ်။

၆။ အဆိပ်ဓာတ်တွေကို ဆေးလိုက်တယ်။

ရေဟာ ခန္ဒာကိုယ်မှာရှိတဲ့ အဆိပ်တွေကို ဆေးပေးလိုက်တဲ့ အပြင် ချွှေးနဲ့ ဆီးကတဆင့် ထုတ်ပစ်လိုက် အတွက် အကောင်းဆုံးအဆိပ်ဖြေဆေးဖြစ်ပါတယ်။

ကျောက်ကပ်မှာပါတဲ့ ဆားဓာတ်နဲ့ သံဓာတ်အများအပြားကို အရည်ဖျော်ပစ်လိုက်တဲ့အတွက် ကျောက်ကပ်မှာ ကျောက်မတည်စေဖို့ အကာအကွယ်ပေးပါတယ်။

ရေများများသောက်တာဟာ ကောင်းပေမဲ့ အလွန်အကျွှံသောက်တာတော့ ကျောက်ကပ်အတွက်မကောင်းပါဘူး။ လူတစ်ယောက်နဲ့ တစ်ယောက် လိုအပ်တဲ့ ရေပမာဏ မတူညီတဲ့ အတွက် သင်ရေဆာတဲ့ အခါ တခါတည်းသောက်သုံးဖို့ အကြံပြုလိုပါတယ်။

၇။ ခန္ဒာကိုယ် အပူချိန်မျှတစေတယ်။

ရေများများ သောက်ခြင်းအားဖြင့် ရေဓာတ်မှာပါတဲ့ အပူနဲ့ ဆိုင်တဲ့ စွမ်းရည်တွေဟာ ခန္ဒာကိုအပူချိန်တွေကို မျှမျှတတဖြစ်စေတဲ့ အတွက် သင့်ကို ပိုမိုလှုပ်ရှားတက်ကြွစေမှာဖြစ်ပါတယ်။ ရေလုံလောက်တဲ့ အတွက် အဆစ်အမြစ်တွေကို ချောမွတ်စေပြီး ကြွက်တက်ခြင်းမှ ကာကွယ်ပေးပါတယ်။

၈။ အသားအရေ လှပစေတယ်။

ရေဓာတ်လုံလောက်မှုရှိတဲ့ ခန္ဒာကိုယ်ဟာ သွေးလည်ပတ်မှုကို အားကောင်းစေတဲ့အတွက် ကျန်းမာပြီး ငယ်ရွယ်တဲ့ အသားအရည်ဖြစ်ဖို့ တွန်းအားပေးပါတယ်။ အရေပြားတစ်ရှူးတွေ အသစ်ပြန်ဖြစ်စေပြီး စိုစွတ်တဲ့ အသားအရေဖြစ်စေ ယုံသာမက အသားအရေကို အိညက်နေစေပါတယ်။

ရေဓာတ်လုံလောက်ရင် အသားအရေကို စိုစွတ်လန်းဆန်းစေပြီး၊ ချောမွတ်၊ နူးညံ့တဲ့ အသားအရည်ကို ရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြေင် အမာရွတ်များ၊ ဝက်ခြံများနဲ့ မျက်နှာပေါ်မှာရှိတဲ့ အတွန့်တွေကို သက်သာစေမှာဖြစ်ပါတယ်။

၉။ အရက်နာကျတာကို သက်သာစေတယ်။

အရက်အလွန်အကျွှံသောက်ပြီးနောက်တစ်နေ့မှာ အလွန်ဆိုးဝါးတဲ့ ခေါင်းကောက်ဝေဒနာ (ဝါ) အရက်နာကျတာကို သက်သာစေမဲ့ အလွန်ကူဆုံးနည်းလမ်းက ရေပဲဖြစ်ပါတယ်။ အရက်ဟာ သောက်တဲ့ ရေပမာဏနဲ့ အရက်ပမာဏထက် ပိုပြီး ဆီးများများသွားခိုင်းတဲ့ အတွက် ရေများများသောက်လိုက်ရင် ခန္ဒာကိုယ်မှာရှိတဲ့ ရေအချိုးအစားကို ပြန်ပြီး မျှတစေမှာဖြစ်ပါတယ်။

ကျွှမ်းကျင်သူတွေက အရက်အများကြီးသောက်ပြီးရင် အိပ်ရာမဝင်ခင် ရေများများသောက်သင့်ကြောင်း အကြံပေးကြပါတယ်။

၁၀။ ခံတွင်း ရှင်းစေတယ်။

ခံတွင်းနံ့ဆိုးတွေထွက်တာဟာ သင်ရေများများ မသောက်တဲ့ လက္ခဏာ တစ်ခုပဲဖြစ်ပါတယ်။ ရေဟာ ပါးစပ်ကို စိုစွပ်နေစေပြီး အစားအသောက်အကျွှင်းအကျန်တွေကို မျှောချလိုက်ပါတယ်။

ထို့အပြင် ခံတွင်းမှာရှိတဲ့ ဘက်တီးရီးယားတွေ ဖန်တီးတဲ့ အနံ့ဆိုးတွေကို လဲ လျော့နည်းစေပါတယ်။

ဒါကြောင့် အစာစားပြီးတိုင်း ပါးလုပ်ကျင်းပြီး ရေများများသောက်ပါ။ ပါးစပ်မှာရှိတဲ့ အကြွင်းအကျန်တွေကို ဆေးပေးမဲ့ အပြင် သွားကြားမှာ ညှပ်နေတဲ့ အစားအစာတွေကိုလဲ တိုက်ချပေးမှာဖြစ်ပါတယ်။

ဒါ့ကြောင့် နေ့တိုင်းရေများများသောက်ဖို့ အင်မတန်အရေးကြီးပါတယ်။ အထက်ဖော်ပြပါ ရေအကျိုး ၁၀ ပါးကို ခံစားဖို့အတွက် သန့်ရှင်းတဲ့ ရေများများသောက်ပါ။ ရေနဲ့ အတူ အသီးအရွက် နဲ့ အသီးအနှံများများ စားသုံးခြင်းကလဲ ရေဓာတ်ကို ကြွယ်ဝစေမှာဖြစ်တယ်။

Source Yez Magazine

ဆက်လက်ကြည့်ရှုရန်များ

Reply ရေးရန်

သင်၏ email လုံခြုံမှုအတွက် စိတ်ချနိုင်ပါသည်။