ချစ်တင်းနှောတဲ့အခါ သူမအကြိုက်ဆုံး ပုံစံ သိအောင် လုပ်နည်း ၅ ခု

0 5,895

ချစ်တင်းနှောတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု နဲ့ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှဖို့ အင်မတန် အရေးကြီးပါတယ်။

မိန်းကလေးပဲ စိတ်ကျေနပ်မှု ရသွားလို့ ပြီးတဲ့ ကိစ္စမဟုတ်ဘဲ ယောကျာ်းလေးကပဲ ကျေနပ်လို့ အဆင်ပြေတဲ့ အရာလည်း မဟုတ်ပါဘူး။

နှစ်ဦး နှစ်ဖက် အပေးအယူမျှပြီး နားလည်မှု ရှိရှိ ချစ်တင်းနှောနိုင်ဖို့ တစ်ယောက်နဲ့ တစ်ယောက် ဘာကြိုက်သလဲ ဆိုတာကို သိဖို့ အရေးကြီးပါတယ်။

မိန်းကလေးတွေလည်း ယောကျာ်းလေးတွေလို တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်း မတူကြတာမို့ ဒီပုံစံအတိုင်း မိန်းကလေး အားလုံးကြိုက်မယ်လို့ ဝါးလုံးရှည်နဲ့ ရမ်းလို့ မရနိုင်ပါ။

ဒါကြောင့် သင့်ချစ်သူ ဘယ်ပုံစံ ဘယ်အနေအထားကို အနှစ်သက်ဆုံးလဲ ဆိုတာကို အောက်ပါ နည်းလမ်း ၅ နဲ့ သိအောင် လုပ်ကြည့်ပါ။

၁။ သူမဆီက တုံ့ပြန်ချက်ကို မေးမြန်းပါ။

ဒီ နည်း ၅ နည်းထဲမှာ ဒီနည်းဟာ အလွယ်ကူဆုံးပါပဲ။ သင့်ချစ်သူနဲ့ အတူနေတာ မကြာသေးဘူးဆိုရင် “ချစ် အကြိုက်ဆုံး ပုံစံကဘာလဲ” ဒါမှမဟုတ် “ဒီပုံစံကို စမ်းကြည့်မလား” လို့ မေးကြည့်ပါ။

သင့်ချစ်သူနဲ့ အတူနေတာ ကြာပြီဆိုရင်တော့ “ကိုယ်တို့ နှစ်ယောက် အတွက် ဘယ်ပုံစံက အကောင်းဆုံးလို့ ထင်သလဲ” ဒါမှမဟုတ် “ချစ် စမ်းကြည့်ချင်တဲ့ ပုံစံ အသစ်တွေ ရှိလား” ဆိုပြီး မေးရင် အဆင်ပြေနိုင်ပါတယ်။

တကယ်လို့ သင့်အဖော်ဟာ အဖြေပေးဖို့ ခက်နေရင် အတူနေတဲ့အခါ စမ်းသပ်ဖူးတဲ့ ပုံစံတွေ ပြောပြီး ၁ ကနေ ၁၀ အထိ အမှတ်ပေးခိုင်းပါ။

ဒါမှမဟုတ် ပုံစံ ၂ မျိုး ၃ မျိုး ပေးပြီး ဘယ်ပုံစံကို ပိုကြိုက်လဲ လို့ မေးပါ။

၂။ အိပ်ခန်းအပြင်မှာ မေးပါ။

“ချစ် အကြိုက်ဆုံး ပုံစံကဘာလဲ” ဒါမှမဟုတ် “ဒီပုံစံကို စမ်းကြည့်မလား” ဆိုတဲ့ မေးခွန်းတွေနဲ့ အခြားမေးခွန်း တွေကို ချစ်တင်းနှီးနှောခါနီးမှာ မေးတာဟာ သင့်အဖော်ကို စိုးရိမ်စိတ်တွေ ဖြစ်လာစေနိုင်ပါတယ်။

သင့်ချစ်သူဟာ ချစ်တင်းနှီးနှောတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူ မဟုတ်ဘူးဆိုရင် ဒီအကြောင်း အရာတွေကို အိပ်ယာပေါ်မရောက်ခင် မေးတာ ပိုကောင်းပါတယ်။

ဒီလိုမဟုတ်ဘဲ အိပ်ယာပေါ်မှာ မေးချင်တယ်ဆိုရင်တော့ ချစ်တင်းနှီးနှောပြီးပြီးချင်း တစ်ယောက်နဲ့ တစ်ယောက်ဖက်ပြီး အိပ်ယာပေါ် လှဲလျောင်းနေတဲ့ အခါ မေးရင် ပိုကောင်းပါတယ်။

၃။ သူမခန္ဒာကိုယ်ကို အလေးထားပါ။

မိန်းကလေးတိုင်း အကြိုက်ချင်း မတူကြတာမို့ သူတို့ကြိုက်တဲ့ အနေအထားဟာလည်း တူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တူညီတဲ့ အချက်တစ်ချက်တော့ ရှိပါတယ်။

ဒီအချက်ဟာ ဘာလဲဆိုရင် အမျိုးသမီးအဂါင်္ထိပ် (သို့မဟုတ် အစေ့) ကို ထိတွေ့ ပွတ်သပ်ပေးတာဖြစ်ပါတယ်။

အမျိုးသမီးအများစုဟာ အထွတ်အထိပ်ကို ခံစားဖို့ ဒီနေရာကို ထိတွေ့ ပွတ်သပ်ပေးရပါတယ်။ ကာမ စပ်ယှက်တာကို ကြိုက်နှစ်သက်ကြပေမယ့် စပ်ယှက်တာဟာ သူတို့ကို အထွတ်အထိပ်ကို ရောက်စေတာ မဟုတ်ပါဘူး။

ဒါကြောင့် သူမကြိုက်တဲ့ ပုံစံကို သေချာသိဖို့ ဆိုရင် အဓိကနေရာကို ဘယ်ပုံစံက ပိုပြီး ပွတ်သပ်ပေးနိုင်မလဲ ဆိုတာကို သိရှိဖို့ လိုပါတယ်။

ဥပမာ – လေးဖက်ထောက်နဲ့ လှေထိုးကြီးရိုးရိုး ပုံစံ အပြင် မိန်းကလေးက ထိပ်မှာ နေတဲ့ ပုံစံတွေ ဖြစ်ပါတယ်။

၎။ သူမရဲ့ တုံ့ပြန်မှုကို ကြည့်ပါ။

သင့်ချစ်သူဟာ အရှက်အကြောက်ကြီးလို့ ချစ်တင်းနှီးနှောတဲ့ အခါ ရှက်နေတယ်ဆိုရင် သူမရဲ့ တုံ့ပြန်မှုကို သေချာလေ့လာကြည့်ပါ။

သူမအနေနဲ့ လှုပ်ရှားမှု သိပ်မရှိဘဲ အသံသိပ်မထွက်ဘဲ မျက်နှာက အသေကြီးဖြစ်နေတယ်ဆိုရင် အဲဒီပုံစံကို သူမ သိပ်ကြိုက်နှစ်သက်မှု မရှိဘူးဆိုတာကို ပြသနေပါတယ်။

သူမရဲ့ ခါးဟာ သင့်ဘက်ကို ပြန်ပြီး ကော့ပေးနေတယ် ဒါမှမဟုတ် သူမရဲ့ မျက်လုံးမှာ စိတ်လှုပ်ရှားတဲ့ အရိပ်အယောင်တွေ ပြသနေတယ် ဆိုရင် သူမဟာ အဲဒီပုံစံကို ကြိုက်နှစ်သက်ပါတယ်။

ဒါ့အပြင် အသက်ရှူသံတွေ ပြင်းလာပြီး အသံတွေ ထွက်လာတယ်ဆိုရင် သူမအနေနဲ့ ကြိုက်နှစ်သက်တယ်လို့ ဆိုနိုင်ပါတယ်။

၅။ ပုံစံအသစ်တွေ စမ်းကြည့်ပါ။

ချစ်တင်းနှီးနှောတဲ့အခါ သင်နဲ့ သင့်ချစ်သူ ခန္ဒာကိုယ်ကို ပုံစံအမျိုးမျိုး ပြောင်းပြီး စမ်းသပ်နိုင်ပါတယ်။

သူမ အကြိုက်ဆုံး ပုံစံကို သင်သိတယ်ဆိုရင်တောင် ပုံစံအသစ်တွေကို စမ်းကြည့်တာဟာ စိတ်လှုပ်ရှားဖို့ ကောင်း သလို ပျော်ဖို့လည်း ကောင်းပါတယ်။

သင်နဲ့ သင့်ချစ်သူ မစမ်းကြည့်ရသေးတဲ့ ပုံစံတွေ အများကြီး ရှိတယ်ဆိုတာ သေချာပါတယ်။

သူမကြိုက်တဲ့ ပုံစံကို နည်းနည်းလေး ပြောင်းပြီး စမ်းသပ် ကြည့်တာဟာလည်း နှစ်ယောက်စလုံးကို စိတ် လှုပ်ရှားမှုတွေ ပေးနိုင်ပါတယ်။

Source Yez Magazine

ဆက်လက်ကြည့်ရှုရန်များ

Reply ရေးရန်

သင်၏ email လုံခြုံမှုအတွက် စိတ်ချနိုင်ပါသည်။