သင်မသိသေးတဲ့ အမျိုးသမီးများ တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ

0 4,421

တစ်ကိုယ်ရည် အာသာဖြေခြင်းကို ယောကျာ်းလေးတွေ ပိုပြောကြပေမယ့် မိန်းကလေးတွေလည်း လုပ်ကြ ပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ အသက် ၁၈ နှစ်နဲ့ ၄၉ နှစ်ကြား မိန်းကလေး တစ်ဝက်ကျော်ဟာ ၃ လမှာ တစ်ခါတော့ အနည်းဆုံး တစ်ကိုယ်ရည် အာသာဖြေကြပါတယ်။

ဒီလို တစ်ကိုယ်ရည် အာသာဖြေကြတာဟာ အပျိုတွေပဲ မဟုတ်ဘဲ အိမ်ထောင်ကျပြီးသား အမျိုးသမီးတွေ လည်း ပါဝင်ပါတယ်လို့ ဆိုပါတယ်။

တစ်ကိုယ်ရည် အာသာဖြေတာကို ဒီနေ့ခေတ်မှာ အရင်တုန်းက ယူဆသလို မကောင်းတဲ့ အပြုအမူတစ်ခုအဖြစ် မယူဆကြတော့ဘဲ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အထအဖြစ် သတ်မှတ်ထားပါတယ်။

အောက်ပါ အချက် ၅ ချက်ဟာ မိန်းကလေးတွေ တစ်ကိုယ်ရည် အာသာဖြေခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေ ဖြစ်ကြပါတယ်။

၁။ ခန္ဒာကိုယ်အတွက် ကောင်းတယ်။

တစ်ကိုယ်ရည် အာသာဖြေမှုဟာ သွေးလည်ပတ်မှုကို မြန်ဆန်လာစေပြီး အန်ဒေါ်ဖင်လို့ခေါ်တဲ့ စိတ်ခံစားမှုကို ကောင်းစေတဲ့ ဓာတ်ပစ္စည်းကို ဦးနှောက်က ထုတ်ပေးပါတယ်။

ဒါကြောင့် မိန်းကလေးတွေ တစ်ကိုယ်ရည် အာသာဖြေပြီး အထွတ်အထိပ်ကို မခံစားရရင်တောင် စိတ်ခံစားမှုကို ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။

ယေကျာ်းတွေဟာ ဒီအကြောင်းကို ပိုပြောကြပေမယ့် ရရှိလာတဲ့ အကျိုးကျေးဇူးကိုတော့ မိန်းကလေးရော ယောကျာ်းလေးရော တူညီတယ်လို့ ကျွှမ်းကျင်သူတွေက ဆိုပါတယ်။

၂။ မြန်စရာမလိုဘူး။ အထွတ်အထိပ် ရောက်စရာ မလိုဘူး။

တစ်ကိုယ်ရည်အာသာဖြေတာဟာ မြန်မြန်လုပ်စရာ လိုတဲ့ ကိစ္စမဟုတ်ပါဘူး။ မြန်မြန်လုပ်ရင် ကောင်းမွန်တဲ့ ခံစားမှုကို ကောင်းကောင်း ခံစားရမှာ မဟုတ်ဘဲ အထွတ်အထိပ်ရောက်ဖို့ကိုပဲ အာရုံစိုက်မိသွားစေနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်အတွက် အဆင်ပြေတဲ့ နေရာတွေမှာ ဖြည်းဖြည်းနဲ့ မှန်မှန်သေချာ ထိဖို့လိုပြီး၊ ပုံစံအမျိုးမျိုး စမ်းသပ်သင့်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
တစ်ကိုယ်ရည် အာသာဖြေတာဟာ ဖြည်းဖြည်းနဲ့ မှန်မှန်လုပ်မှ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေကို ရရှိလာမှာ ဖြစ်ပြီး အထွတ်အထိပ်ရောက်ဖို့ကိုပဲ အာရုံ မစိုက်သင့်ဘူးလို့ သိရပါတယ်။

၃။ အမျိုးသမီးဓမ္မတာ ပြီးဆုံးချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေကို လျော့နည်းသွားစေတယ်။

ဓမ္မတာ ပြီးဆုံးချိန်မှာ အမျိုးသမီးများဟာ ပြောင်းလဲမှုတွေကို ကြုံရတတ်ပါတယ်။ ဓမ္မတာပြီးဆုံးတဲ့အခါ အမျိုးသမီးအဂါင်္ဟာ ကျဉ်းသွားတဲ့အတွက် လိင်ဆက်ဆံတဲ့ အခါ ပိုမို နာကျင်စေပါတယ်။

ဒါကြောင့် တစ်ကိုယ်ရည် အာသာဖြေမှုဟာ ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေ တဲ့အခါ သွေးလည်ပတ်မှုကို ကောင်းလာစေတဲ့အတွက် နာကျင်မှုကို လျော့နည်းသွားစေနိုင်ပါတယ်။

၎။ လိင်ဆက်ဆံမှုကို ပိုကောင်းလာစေတယ်။

တစ်ကိုယ်ရည် အာသာဖြေမှုဟာ လိင်ပိုင်းဆိုင်ရာအရ သက်တောင့်သက်သာနဲ့ ယုံကြည်မှု အပြည့်ရှိလာ စေနိုင်ပါတယ်။

တစ်ကိုယ်ရည် အာသာဖြေတဲ့ အခါ ကိုယ့်ခန္ဒာကိုယ်ရဲ့ ဘယ်နေရာကို ဘယ်လိုထိရင် ကိုယ့်အတွက် ဘယ်လိုကောင်းတယ် ဆိုတာကို မိမိကိုယ်ကို ပိုသိလာစေတယ်လို့ ဆိုပါတယ်။

လိင်ဆက်ဆံတဲ့အခါ အထွတ်အထိပ်ရောက်ဖို့ ခက်ခဲနေရင် တစ်ကိုယ်တည်း အာသာဖြေပြီး ဘယ်နေရာမှာ ဘယ်လိုထိရတာကို ကြိုက်သလဲဆိုတာကို သိဖို့ စမ်းသပ်ကြည့်သင့်ပါတယ်။

၅။ လိင်အရုပ်တွေလည်း ကူညီပေးနိုင်တယ်။

ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ အသက် ၁၈ နှစ်နဲ့ ၆၀ ကြားအမျိုးသမီးတွေဟာ ကျားအဂါင်္အတု၊ vibrator အစရှိတဲ့ လိင်အရုပ်တွေ အသုံးပြုကြတယ်လို့ ရောဘတ်မောရစ်စ် တက္ကသိုလ်က ပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရ သိရပါတယ်။

လိင်ဆက်ဆံတဲ့အခါ အထွတ်အထိပ်ရောက်ဖို့ ခက်ခဲနေရင် vibrator က ကူညီပေးနိုင်ပါတယ်။ ဒီလိင်အရုပ် တွေဟာ လိင်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ဖို့ စိတ်မပူသင့်ပါဘူးလို့လည်း ကျွှမ်းကျင်သူတွေက ဆိုပါတယ်။

ဆက်လက်ကြည့်ရှုရန်များ

Reply ရေးရန်

သင်၏ email လုံခြုံမှုအတွက် စိတ်ချနိုင်ပါသည်။