မြန်မာ့သတင်း

သည်လ ၁၅ ရက်နေ့ညနေကစပြီး ရန်ကုန်မြို့မှာ လက်ရှိပြေးဆွဲနေတဲ့ ဘတ်စ်ကား အားလုံးရပ်ဆိုင်းရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြော

သည်လ ၁၅ ရက်နေ့ညနေကစပြီး ရန်ကုန်မြို့မှာ လက်ရှိပြေးဆွဲနေတဲ့ ဘတ်စ်ကား အားလုံးရပ်ဆိုင်းရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြော

ရန်ကုန်၊ ဇန်နဝါရီ၊ ၆ ။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ လက်ရှိပြေးဆွဲ နေတဲ့ ဘတ်စ်ကား လိုင်းပေါင်း၃၀၀ ကျော်ကို သည်လ ၁၅ ရက်နေ့ညနေကစပြီး ပြေးဆွဲတာ ရပ်နားရမယ်လို့ သည်နေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

မ ထ သ ဗဟို လက်အောက်က ဘတ်စ်ကားတွေကို သည်လ ၁၅ ရက်နေ့ ည ကနေစပြီး နောက်ဆုံးပြေးဆွဲပေးပြီး ၁၆ ရက်နေ့ မနက်ကစပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က စီစဉ်ပေးထားတဲ့ ဘတ်စ်ကားလိုင်း ၅၈ လိုင်းနဲ့ အစားထိုးပြေးဆွဲပေးမှာဖြစ်ပါတယ်။

ဘတ်စ်ကာူး၅၈ လိုင်းပြေးဆွဲပေးမယ့် လမ်းကြောင်းတွေကို ဘတ်စ်ကား မှတ်တိုင်များ၊ လက်ကမ်းစာဆောင်များနဲ့ သတင်းမီဒီယာများနဲ့ အင်တာနက် ဝတ်ဆိုက်တွေမှာကြေငြာပေးသွားမဟ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နေ့စဉ်ဘတ်စ်ကားစီးနင်းသူဦးရေ သိန်း ၂၀ ခန့်ရှိတယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါတယ်။
ပို့ပို့မြင့်မွန်
Kumudra

Add comment

Like Us!

Your Header Sidebar area is currently empty. Hurry up and add some widgets.