မြန်မာ့သတင်း

ကော့သောင်းမြို့ ၊ ပုလုံးတုံတုံးကျေးရွာတွင် အသက်(၁၄) နှစ်အရွယ် မိန်းခလေးအား သားမယားပြုကျင့်မှုဖြစ်ပွား

ကော့သောင်း၊ ဇန်န၀ါရီလ ၆ ရက်

တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့ ပုလုံးတုံတုံးကျေးရွာတွင် အသက်(၁၄)နှစ်အရွယ် မိန်းခလေးတစ်ဦးအား ညီအစ်ကို သုံးဦးမှ အကြိမ်ကြိမ်အလှည့်ကျ သားမယားပြုကျင့်မှု ဖြစ်စဉ်တစ်ခု ဇန်န၀ါရီ လ ၅ ရက်နေ့ က ဖေါ်ထုတ်အရေးယူနိုင်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပုလုံးတုံးတုံးကျေးရွာ၊ အခန်းတွဲတန်းလျားတွင်နေထိုင်သည့် ဦးကြည်လင်း(အမည်လွဲ) သည် သမီးကြီး မ—–(၁၄)နှစ် နှင့်အတူ ညီအစ်မ(၅)ဦးအား အခန်းတွင်ထားခဲ့ပြီး ဇနီးဖြစ်သူ နှင့် အတူ အဆိုပါနေ့ ညနေပိုင်း၌ ပင်လယ်ပြင်သို့ငါးဖမ်းထွက်ပြီး ညပိုင်း အိမ်ပြန်ရောက်စဉ် ဦးကြည်လင်း(အမည်လွဲ) ၏ အစ်မဖြစ်သူမှ သမီးကြီး မ——– အား အခန်းခြင်းကပ်နေထိုင်သူများဖြစ်သည့် အေးကို ၊ ကိုလတ် နှင့် ဇင်ဇင် ဆိုသူ ညီအစ်ကို သုံးဦး မှ သားမယားအဖြစ်ပြုကျင့်ကြကြောင်း အသိပေးသဖြင့် သမီးကြီးဖြစ်သူအား ချော့မော့ မေးမြန်းရာ လွန်ခဲ့သည့် (၃)လခန့်ကတည်းက နှစ်ခန်းတွဲအိမ်သာအတွင်း မ—– မှ အ၀တ်အစားဝင်ရောက်လဲလည်သည့် ညနေပိုင်း အချိန်တိုင်း တဖက်အိမ်သာခန်းမှ ကျော်ခွ တက်ရောက်ကာ ရက်ခြားစီ အဆိုပါ ညီအစ်ကို သုံးဦးမှ အလှည့်ကျ သားမယားအဖြစ် အိမ်သာအတွင်း အကြိမ်ကြိမ်ပြုကျင့် မှုများကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖေါ်ထုတ်သိရှိရခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ သားမယားအဖြစ်ပြုကျင့်သူ အေးကို ၊ ကိုလတ် နှင့် ဇင်ဇင် တို့အား ကော့သောင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ (ပ)၂၇/ ၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

Iprd Kawthoung
တနင်္သာရီတိုင်း ပြန်/ဆက် သတင်းများ

Add comment

Like Us!

Your Header Sidebar area is currently empty. Hurry up and add some widgets.