မြန်မာ့သတင်း

ရှမ်းမြောက်ဒေသ မိုးမိတ်မြို့နယ် တွင် ဆင်နင်း၍ လူ၅ဦးသေဆုံး။

8.1.2017.

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် စင့်ကင်ကျေးရွာတွင် မနေ့(၇.၁.၂၀၁၇) ညက ဆင်ရိုင်းဝင်ရောက်၍ ဖျက်ဆီးမှုကြောင့် လူ၅ဦးသေဆုံးပြီး လူတချို့ ထိခိုက်ဒဏ်ရာရကြောင်း သိရသည်။

ဝင်ရောက်ဖျက်ဆီးသွားသည့်ဆင်မှာ အိမ်မွေးဆင်တစ်ကောင်ဖြစ်ပြီး ဆင်ဦးစီး၏ အလောင်းအား ဆက်သွယ်ရေး တာဝါအနီးတွင် တွေ့ရှိရကြောင်း၊ ဆင်ကို ပစ်ခတ်နှိမ်နင်းပြီးဖြစ်ကြောင်းနှင့် မနေ့ညနေက ဆေးရုံဆင်းလာသော စင့်ကင်ကျေးရွာနေ မိသားစု၎ ဦးသေဆုံးပြီး ၎င်းမိသားစုမှ တစ်လသားအရွယ်ကလေးငယ်မှာ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြောင်းသိရသည် ။

သတင်း – Aung Min Thu
Photo:ko pouk

Add comment

Like Us!

Your Header Sidebar area is currently empty. Hurry up and add some widgets.