မြန်မာ့သတင်း

သူငယ်ချင်း အိမ်အလည်သွားရာမှသူငယ်ချင်းညီမအား သားမယား အဖြစ်ပြုကျင့်မှုဖြစ်

ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်၊ဆားမော်ကျေးရွာ၊အောင်မင်္ဂလာရပ်ကွက်တွင်တစ်ရပ်ကွက်ထဲနေသူသူငယ်ချင်း၏အိမ်သို့အလည်သွားရာမှအိမ်တွင်တစ်ဦးတည်းရှိနေသောသူငယ်ချင်း၏ညီမအား သားမယား အဖြစ်ပြုကျင့်ခဲ့သည်။
ဖြစ်စဉ်မှာ
ဇန္နဝါရီ(၈)ရက်၊နေ့လည်(၂)နာရီအချိန်ခန့်ကမိုးကောင်းမြို့နယ်၊ဆားမော်ကျေးရွာ၊အောင်မင်္ဂလာရပ်ကွက်နေ
ရာဇာမင်းထင်(ခ)မာဆိုင်း(၂၁)နှစ်၊(ဘ)ဦးမင်းထင်သည်အရက်သေစာသောက်စားမူးယစ်ပြီးတစ်ရပ်ကွက်တည်းအတူနေထိုင်သောသူငယ်ချင်း၏နေအိမ်သို့အလည်သွားရာသူငယ်ချင်းမရှိ၍မီးဖိုချောင်တွင်ထမင်းချက်နေသောသူငယ်ချင်း၏ညီမ(……)အသက်(၁၆)နှစ်အားရည်းစားစကားပြောဆိုပြီးလက်မခံသောအခါအတင်းလက်ဆွဲပြီးနေအိမ်အိပ်ခန်းအတွင်းသို့ဆွဲခေါ်ကာအလိုမတူပဲသားမယားအဖြစ်ပြုကျင့်နေစဉ်ဆားမော်ချောင်းမှရေချိုး၍ပြန်လာသော(မ….)၏ညီမဆဌမတန်းကျောင်းသူ(၁၃)နှစ်မှတွေ့ရှိကာဆားမော်ကျေးရွာရပ်ကွက်(၄)မှအဒေါ်ဖြစ်သူကိုအကြောင်းကြားခဲ့သည်။

အဒေါ်ဖြစ်သူမှအမှုဖြစ်စဉ်နှင့်ပါတ်သက်ပြီးမိုးကောင်းမြို့မရဲစခန်းသို့အကြောင်းကြားသဖြင့်မိုးကောင်းမြို့မရဲစခန်းမှူးဒုရဲမှူးအေးကြူမှအခင်းဖြစ်ပွားရာနေရာသို့ချက်ခြင်းသွားရောက်ပြီးစစ်ဆေးခြင်း၊မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ဖြစ်ရပ်မြေပုံကြမ်းရေးဆွဲခြင်း၊တရားလိုအားမေးမြန်းခြင်း၊သက်သေခံပစ္စည်းများသိမ်းဆည်းပြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ရဲဆေးစာရေးပို့ခြင်းတို့ဆောင်ရွက်ခဲ့သည်။

တရားခံအားယင်းနေ့ည(၇.၃၅)နာရီအချိန်တွင်ဖမ်းဆီးမိခဲ့ပြီးသက်သေခံပစ္စည်းများအဖြစ်
အမျိုးသမီးဝတ်ထမီ(၁)ထည်
အမျိုးသမီးဝတ်အတွင်းခံဘောင်းဘီ(၁)ထည်
အမျိုးသားဝတ်ပုဆိုး(၁)ထည်
အမျိုးသားဝတ်ဘောင်းဘီ(၁)ထည်အားသိမ်းဆည်းကာ
(ပ)၅/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ-၃၇၆အရမိုးကောင်းမြို့မရဲစခန်းတွင်အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန်စီစဉ်လျက်ရှိကြောင်းသတင်းရရှိပါသည်။
Admin
Credit Thankzin Oo

Add comment

Like Us!

Your Header Sidebar area is currently empty. Hurry up and add some widgets.